Monday, August 20, 2012

ငှက်ကြီး

ငှက်ကြီးနဲ့ နှုတ်ဆက်ခြင်း၊ အပိုင်း (၅)

ကျနော်ထိုင်းကို ထွက်ဖို့ဖြစ်လာတော့ ကျနော့်အလုပ်တွေက တန်းလန်း၊ အကုန်လုံး ငှက်ကြီးကို အပ်ခဲ့ရတယ်။ ကျန်သမျှကိုလည်း သူတာဝန်ယူပေးပါတယ်။ အားလုံးပြီးတဲ့ အထိ။

ကျနော့်အလုပ်တွေ အားလုံးသိမ်းပြီးတော့ ကျနော့်အိမ်မှာ သူအပ်ပေးတယ်။ နောက်တစ်လလောက်နေတော့ သူ့ဆီက စာတစ်စောင် ရတယ်။ အလုပ်ကိစ္စဆန်ဆန် ရေးထားတဲ့စာ။ လက်ရေးက ထုံးစံအတိုင်း မလှမပနဲ့။

အဲဒါတွေ နောက်ပိုင်း ကျနော်လည်း ထိုင်းမှာ ကိုယ့်ဘာသာ အဆင်မပြေနေတဲ့ ကာလ သူ့ဆီ မဆက်သွယ်ဖြစ်တော့ဘူး။ နောက်ဆုံး သတင်းရတာတော့ သူလည်း သူ့အလုပ်တွေကို သူ့ညီ ၀မ်းကွဲတစ်ယောက်ဆီ လွှဲပေးပြီး မိဘတွေနဲ့ ပြန်နေတယ် ကြားတယ်။

0 comments:

Post a Comment

 
Free Website templateswww.seodesign.usFree Flash TemplatesRiad In FezFree joomla templatesAgence Web MarocMusic Videos OnlineFree Wordpress Themeswww.freethemes4all.comFree Blog TemplatesLast NewsFree CMS TemplatesFree CSS TemplatesSoccer Videos OnlineFree Wordpress ThemesFree CSS Templates Dreamweaver