Wednesday, January 11, 2012

ညီဖတ်ဖို့… (အမှာစာ)

ကျနော့်မှာ အရမ်းချစ်ရတဲ့ ညီတစ်ယောက် ရှိတယ်။ သူနဲ့ပတ်သတ်ပြီး ကျနော့်ကို ကျနော် မကျေနပ်ခဲ့တာလေးတွေ ရှိတယ်။ သူ့အပေါ်တာဝန် မကျေဘူးလို့ ကိုယ့်ဘာသာ ယူဆခဲ့တာလေးတွေ ရှိတယ်။ စိတ်ပိုင်းဆိုင်ရာ ဗိုလ်ကျမိခဲ့တာလေးတွေ ရှိတယ်။ နေရာတကာ ကိုယ့်ပေတံနဲ့ တိုင်းပြီး ကိုယ်ဖြစ်စေချင်သလို ဆူခဲ့ မိတာလေးတွေ ရှိတယ်။ အဲဒါကြောင့် အိမ်နဲ့အဝေးရောက်နေတဲ့ ကျနော်က ညီကို သတိရတိုင်း စိတ်မကောင်းဖြစ်ရတာတွေ ရှိတယ်။

ဒါကြောင့် သူ့ကိုပြောပြနိုင်ဖို့ ကျနော် စာတွေ ရေးချင်နေမိတယ်။ အဖေတစ်ယောက်က သားကို သူမဖြစ်ခဲ့တာလေ အားလုံး သားမှာ ဖြစ်ဖို့ မျှော်လင့်ခဲ့သလို။ ကျနော်လဲ ကျနော့်ညီအတွက် ကျနော် မရခဲ့တဲ့ ကံကောင်းမှုလေးတွေကို ရစေချင်တယ်။ ဒါပေမယ့် အချို့အပိုင်းတွေမှာတော့ သူကိုယ်တိုင် ပြောင်းလဲဖို့ လိုပါတယ်။

ဖြစ်နိုင်ရင် သူ့ကို ကဏ္ဍအစုံမှာ ပြည့်ပြည့်စုံစုံအောင်မြင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်စေချင်တယ်။ ကျနော့်ညီကို ပြောပြရင်း အခြားသူငယ်ချင်း ညီငယ်တွေကိုလည်း ဖတ်စေချင်တယ်။ တတ်နိုင်ရင် စာအုပ်ပုံသဏ္ဍန် အဖြစ်ရအောင် အပိုင်းလေးတွေနဲ့ ခေါင်းစဉ်ငယ်လေးတွေ ခွဲရေးမယ်။ အများတကယ် ဖတ်ဖို့ တန်ဖိုးရှိတဲ့လို့ ယူဆရင်တော့ အီးဘုတ် (သို့) စာအုပ်အဖြစ်နဲ့ ထုတ်ဝေချင်တယ်။

၁၂.၁.၂၀၁၂

Monday, January 2, 2012

My 2012 New Year's Resolutions

၂၀၁၂ ခုနှစ်အတွက် ကျနော် ဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ထားသော ကိစ္စများပါ။

၁။ ဆေးလိပ်သောက်ရပ်ရန် (အနည်းဆုံး ၂၀၁၂ ခုနှစ် တစ်နှစ်ပတ်လုံး မသောက်ရန်)
၂။ Antibiotic (ပဋိဇီဝ ဆေးဝါးများ ရှောင်ရန်)
၃။ တရုတ်နှင့် အိန္ဒိနိုင်ငံမှ ထင်ရှားသော နေရာအချို့သို့ သွားရောက်လည်ပတ်ရန်
၎။ Violin အတီးသင်ရန်
၅။ သီတင်းတစ်ပတ်၌ စာအုပ်တစ်အုပ် ဖတ်ရန်
၆။ အချိုလျှော့စားရန်
၇။ သူငယ်ချင်းဟောင်းများနှင့် အဆက်အသွယ်ရအောင် ပြန်ကြိုးစားရန်
၈။ ပြင်သစ်စာ လေ့လာရန်
၉။ ထိုင်းစာ အဖတ် ပြန်လေ့လာရန်
၁၀။ ကျောင်းလျှောက်ရန်
၁၁။ ဆင်းရဲနွမ်းပါးသော ကျောင်းသား/သူ အချို့၏ ပညာရေးအတွက် ငွေလှူရန်
၁၂။ မိဘများနှင့် ပြန်တွေ့ရန်
၁၃။ သီတင်းတစ်ပတ်လျှင် အနည်းဆုံးတစ်ရက် အားကစား လုပ်ရန်
၁၄။ IT Security လက်မှတ် နှစ်ခု ဖြေရန်

အားလုံးကိုတော့ ဖြစ်အောင် ကြိုးစားမှာပါ။ မဖြစ်လာတော့လဲ နောက်နှစ်ပေါ့ :)

 
Free Website templateswww.seodesign.usFree Flash TemplatesRiad In FezFree joomla templatesAgence Web MarocMusic Videos OnlineFree Wordpress Themeswww.freethemes4all.comFree Blog TemplatesLast NewsFree CMS TemplatesFree CSS TemplatesSoccer Videos OnlineFree Wordpress ThemesFree CSS Templates Dreamweaver