Wednesday, January 11, 2012

ညီဖတ်ဖို့… (အမှာစာ)

ကျနော့်မှာ အရမ်းချစ်ရတဲ့ ညီတစ်ယောက် ရှိတယ်။ သူနဲ့ပတ်သတ်ပြီး ကျနော့်ကို ကျနော် မကျေနပ်ခဲ့တာလေးတွေ ရှိတယ်။ သူ့အပေါ်တာဝန် မကျေဘူးလို့ ကိုယ့်ဘာသာ ယူဆခဲ့တာလေးတွေ ရှိတယ်။ စိတ်ပိုင်းဆိုင်ရာ ဗိုလ်ကျမိခဲ့တာလေးတွေ ရှိတယ်။ နေရာတကာ ကိုယ့်ပေတံနဲ့ တိုင်းပြီး ကိုယ်ဖြစ်စေချင်သလို ဆူခဲ့ မိတာလေးတွေ ရှိတယ်။ အဲဒါကြောင့် အိမ်နဲ့အဝေးရောက်နေတဲ့ ကျနော်က ညီကို သတိရတိုင်း စိတ်မကောင်းဖြစ်ရတာတွေ ရှိတယ်။

ဒါကြောင့် သူ့ကိုပြောပြနိုင်ဖို့ ကျနော် စာတွေ ရေးချင်နေမိတယ်။ အဖေတစ်ယောက်က သားကို သူမဖြစ်ခဲ့တာလေ အားလုံး သားမှာ ဖြစ်ဖို့ မျှော်လင့်ခဲ့သလို။ ကျနော်လဲ ကျနော့်ညီအတွက် ကျနော် မရခဲ့တဲ့ ကံကောင်းမှုလေးတွေကို ရစေချင်တယ်။ ဒါပေမယ့် အချို့အပိုင်းတွေမှာတော့ သူကိုယ်တိုင် ပြောင်းလဲဖို့ လိုပါတယ်။

ဖြစ်နိုင်ရင် သူ့ကို ကဏ္ဍအစုံမှာ ပြည့်ပြည့်စုံစုံအောင်မြင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်စေချင်တယ်။ ကျနော့်ညီကို ပြောပြရင်း အခြားသူငယ်ချင်း ညီငယ်တွေကိုလည်း ဖတ်စေချင်တယ်။ တတ်နိုင်ရင် စာအုပ်ပုံသဏ္ဍန် အဖြစ်ရအောင် အပိုင်းလေးတွေနဲ့ ခေါင်းစဉ်ငယ်လေးတွေ ခွဲရေးမယ်။ အများတကယ် ဖတ်ဖို့ တန်ဖိုးရှိတဲ့လို့ ယူဆရင်တော့ အီးဘုတ် (သို့) စာအုပ်အဖြစ်နဲ့ ထုတ်ဝေချင်တယ်။

၁၂.၁.၂၀၁၂

 
Free Website templateswww.seodesign.usFree Flash TemplatesRiad In FezFree joomla templatesAgence Web MarocMusic Videos OnlineFree Wordpress Themeswww.freethemes4all.comFree Blog TemplatesLast NewsFree CMS TemplatesFree CSS TemplatesSoccer Videos OnlineFree Wordpress ThemesFree CSS Templates Dreamweaver