Monday, August 20, 2012

ငှက်ကြီး

ငှက်ကြီးရဲ့ ပေါင်းသင်းဆက်ဆံရေး၊ အပိုင်း (၃)

ကျနော်တို့ နှစ်ယောက်ကြားမှာ အမြဲတမ်းသုံးနေတဲ့ စကားတစ်ခု အမှတ်တရ ရှိခဲ့ကြတယ်။ "ချိန်ပေါ့ဗျာ"၊ ဒါက သူသုံးနေကြ စကား။ တစ်ခု ဆွေးနွေးလို့ သဘောမတူတဲ့ အချိန်မှာ နောက်ဆုံးနိဂုံးမှာ ငှက်ကြီးသုံးနေကြ စကား။

ဆိုလိုတာကတော့ ချင့်ချင်ချိန်ချိန် လုပ်ဖို့။ နောက်တော့ ကျနော်ပါ အဲဒီစကားကို လိုက်သုံးတယ်။ တစ်ခုခု သူ့ကို နားချလို့ မရရင် "ချိန်ပေါ့ဗျာ" လို့ဘဲ အဆုံးသတ်လိုက်ရတာတွေ ရှိတယ်။

ယေဘူယျအားဖြင့်တော့ ကျနော်တို့ နှစ်ယောက်လုံး အားနာတတ်ကြသူတွေပါ။ ကျနော့် ဒေါသက မျက်နှာသုန်မှုန်ပြီး အိမ်ပြန်ရုံလောက်နဲ့ ပြီးပေမယ့်၊ အခန့်မသင့်ရင် ငှက်ကြီးဒေါသက ကံမကောင်းတဲ့ တစ်ယောက်ယောက်ပေါ် ကျသွားတတ်တယ်။ တစ်ခါ အလိုက်မသိတဲ့ စစ်တပ်က အရာခံဗိုလ်တစ်ယောက်က သူ့ဆီ မီးစက်လာငှားတယ်။ အဲဒီအချိန်က သူရော ကျနော်ပါ အလုပ်အတွက် ခေါင်းစားနေတဲ့ အချိန်ပါ။ သူ့ဒေါသက အရာခံဗိုလ်အပေါ် ရောက်သွားတယ်။ ဟိုလူကလည်း လာတဲ့ ရည်ရွယ်ချက်ကိုပဲ ခေါင်းထဲ ထားတဲ့လူနဲ့ တူတယ်။ ငှက်ကြီး တရားဟောသမျှကို နားထောင်ပြီး နောက်ဆုံးတော့ မီးစက်ကို ဆိုက်ကားနဲ့ ရအောင် သယ်သွားတယ်။

နောက် သူ့မှာအားချက် တစ်ခုရှိတယ်။ အရမ်းညစ်လာရင် အရက်ဆိုင် ထိုင်တာ၊ Army Rum တစ်ပိုင်းနဲ့ သူ့ညစ်သမျှကို ဖြေတော့တာဘဲ။ သူအရက်ဆိုင် ထိုင်ရင်တော့ ကျနော်လိုက်မထိုင် ပေးဖြစ်ဖူး။ သူ့အလုပ်သမား တစ်ယောက်ကို ခေါ်သွားပြီး သောက်တတ်တယ်။

ဒါပေမယ့် ပေါင်းသင်းဆက်ဆံရေးမှာတော့ နာမည်ရပါတယ်။ ကျွတ်ဆတ်ဆတ် နဲနဲ ဖြစ်ပေမယ့် သူ့ကို လူတိုင်းခင် ကြပါတယ်။

0 comments:

Post a Comment

 
Free Website templateswww.seodesign.usFree Flash TemplatesRiad In FezFree joomla templatesAgence Web MarocMusic Videos OnlineFree Wordpress Themeswww.freethemes4all.comFree Blog TemplatesLast NewsFree CMS TemplatesFree CSS TemplatesSoccer Videos OnlineFree Wordpress ThemesFree CSS Templates Dreamweaver