Friday, June 22, 2012

ငှက်ကြီး

အပိုင်း (၁)

ကျနော်နှင့် မတွေ့ဖြစ်သေးခင် ငှက်ကြီး

ကျနော့် သူငယ်ချင်းကောင်းတွေအကြောင်း ပြောရင် ငှက်ကြီးကိုလည်း ချန်ထားလို့ မဖြစ်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူလည်း ကျနော့်အတွက် သူငယ်ချင်းကောင်း တစ်ယောက် ဖြစ်ခဲ့လို့ပါပဲ။

ငှက်ကြီးဆိုတာက သူ့ရဲ့ ကျောင်းက Nick Name ကျနော်ကိုယ်တိုင်တော့ ငှက်ကြီးလို့ မခေါ်ဖြစ်ခဲ့ပါ။ ကျနော့်ထက်လည်း ကြီးတော့ သူ့နာမည်ကိုပဲ ကို---- တတ်ခေါ်ခဲ့သည်။ သူကိုယ်တိုင်လည်း ကျနော့်ကို အမြဲတမ်း ကို----- တပ်ပြီး ကျနော့်နာမည်ကို ခေါ်သည်။

ကျနော်တို့ နယ်မြို့လေးကို သူရောက်လာတော့။ ကျနော့်တို့ လုပ်ငန်းတူ သူငယ်ချင်းတွေ ကြားထဲမှာ သူ့နာမည် ကြားရသည်။ သူ့နာမည်က ကျနော်တို့ လက်ဖက်ဆိုင် စကားဝိုင်းမှာ အမြဲပါနေကြ။
ဆိုတော့ ကျနော် သူ့နာမည်ကြားတိုင်း သူ့ပုံစံကို စိတ်ကူးပုံဖော် ကြည့်ထားသည်။

အဲဒါကလည်း ကျနော့်အကျင့်၊ တစ်ခုခုဆို မျက်စိထဲမှာ မြင်ကြည့်သည်။ ဒီလူက ဒီလိုပုံ ဖြစ်ရမည်။ အရပ်က ဘယ်လို၊ အသားအရောင်က ဘယ်လို၊ ဘယ်လို အိတ်မျိုးကို ပုခုံးမှာ လွယ်ထားမည်။ အဲဒါ ကျနော့်အကျင့်။ ကောင်းသလား၊ ဆိုးသလား ကျနော်မခွဲခြားတတ်။

ဒီလိုပဲ ငှက်ကြီးနာမည် ကြားတော့ ကျနော် သူ့ပုံစံကို စိတ်ကူးပုံဖော် ကြည့်ထားသည်။ ငွေကြေးပဏာမ မနည်းတဲ့ လုပ်ငန်းတစ်ခုကို ဦးစီး လုပ်ကိုင်နေတယ်ဆိုတော့ လူပုံစံက ရင့်ကျက်ပုံပေါက်မည်။ အရပ်မြင့်မည်။ အသားဖြူဖြူ၊ ဆံပင်က နဲနဲရှည်မည်။ မျက်နှာက Chinese Face ဖြစ်နိုင်သည်။ အင်္ကျီကအဖြူရောင် လက်ရှည်ဝတ်ပြီး ခေါက်ထားမည်။ ပုဆိုးက အရောင် ရင့်ရင့် ခပ်ရှည်ရှည် ဝတ်ထားမည်။ နောက် ကတီဘာဖိနပ် စီးမည်။ ဗယ်ဘက်မှာ အိတ်အနက် တစ်လုံး လွယ်ထားမည်။ အဲဒီလို စိတ်ကူးထဲမှာ ပုံဖော်ကြည့်ထားတော့ သူ့အကြောင်းကြားတိုင်း သူ့ပုံစံကို မျက်စိထဲ မြင်ခဲ့သည်။

 
Free Website templateswww.seodesign.usFree Flash TemplatesRiad In FezFree joomla templatesAgence Web MarocMusic Videos OnlineFree Wordpress Themeswww.freethemes4all.comFree Blog TemplatesLast NewsFree CMS TemplatesFree CSS TemplatesSoccer Videos OnlineFree Wordpress ThemesFree CSS Templates Dreamweaver