(ကျနော့် သူငယ်ချင်းတစ်ယောက်ရဲ့ အလုပ်ထဲက တကယ့်အဖြစ်အပျက်လေးပါ။ သတိရတုန်း ဟာသအဖြစ် ပြန်ရေးထားတာပါ။ ဖတ်တဲ့သူတွေအတွက် ရိုင်းတယ်ဆိုရင်တော့ ကြိုတင်ပြီး တောင်းပန်အပ်ပါတယ်။)
ကံချွန်ဆိုတဲ့ လူငယ်လေးတစ်ယောက်က စက်ရုံတစ်ခုမှာ အလုပ် လုပ်တယ်။ အဲဒီအလုပ်ရုံမှာ ဦးနေ၀င်း လက်ထက်က အလုပ်သမား ထူးချွန်ဆုရ အသက်ကြီးကြီး ပင်စင်စားကြီးတစ်ယောက်က လုံခြုံရေး တာဝန်ယူရသည်။
ဒါပေမယ့် အဲဒီလူကြီးက မလိုအပ်ပဲ တွေ့တဲ့ လူတွေကို စည်းကမ်းတွေပေးတတ်သည်။ စက်ရုံမှာ နေတဲ့ လူငယ်လေး ကံချွန်ကတော့ သူ့ဒဏ်ကို အခံရဆုံးပဲ။ အဘိုးကြီး တစ်ရက် တစ်ရက် တဗျစ်တောက်တောက် လုပ်တော့ ကံချွန်လည်း အရမ်းစိတ်ညစ် လာတယ်။
တစ်ရက် ကျတော့ ကံချွန်က သူ့ကို လာဆူတဲ့ အဘိုးကြီးကို စေ့စေ့ကြည့်ပြီး
“အဘ လည်း ကျနော့်လို ကောင်ပါပဲဗျာ”
လို့ ပြောပြီးအပြင်ထွက် သွားလိုက်တယ်။ အဘိုးကြီးလည်း ကံချွန် ဘာကိုဆိုလိုမှန်း မသိပေမယ့် ကံချွန်ကိုလည်း မမေးပဲ ဒီလိုပဲ ငူငူကြီး ကျန်ခဲ့တယ်။ နောက်ထပ် အဘိုးကြီး ထပ်ဆူတိုင်းလည်း ကံချွန်က အဲဒီလိုပဲ ပြောတာ လေး၊ ငါးကြိမ်းလောက် ရှိတော့ အဘိုးကြီးက ကံချွန်ကို မသင်္ကာတော့ဘူး။ ဒါနဲ့ တစ်ရက်တော့ မအောင့်နိုင်တော့ပဲ ဖွင့်မေးလိုက်တယ်။
“ကံချွန်၊ မင်းငါ့ကို အဘလည်း ကျနော့်လို ကောင်ပဲ၊ အဘလည်း ကျနော့်လို ကောင်ပဲနဲ့ ခဏခဏ ပြောနေတာ ကြာပီ၊ ဒါနဲ့ နေပါဦးကွ မင်းက ဘာကောင်တုန်း၊ ငါ့ကို လင်းစမ်းပါဦး။”
အဲဒီလို ပြောလိုက်တော့ စက်ရုံထဲ ၀င်ခါနီး ကံချွန်က တစ်ချက် လှည့်ကြည့်လိုက်ပြီး
“အဘကလည်း မသိဘူးလား၊ ကျနော်က -ီးကောင်ဗျ။”
ဟု ပြောရင်း စက်ရုံထဲ ၀င်သွားလိုက်တော့သည်။