Aller (အဲ့လေ) အင်္ဂလိပ်လိုတော့ To go လို့ အဓိပ္ပါယ်ရပါတယ်။
ဥပမာ အနေနဲ့ သုံးပြရရင်
Nous allons au cinéma. (နူးဆာလွန် အူ စီနီမာ)
(allons က aller ကို conjugate လုပ်ပြီးသုံးထားတာ ဖြစ်တယ်။)
We're going to the movies. ကျနော်တို့ ရုပ်ရှင်ရုံကို သွားနေပါတယ်။
ကျနော့်အကြောင်း
Labels
- စိတ်ပညာ (1)
- ညီဖတ်ဖို့... (3)
- ပညာရေး (1)
- ပြင်သစ်စာမှတ်စု (3)
- သူငယ်ချင်း (7)
- ဟာသ (5)
- အဆိုအမိန့် (3)
- အတွေးအမြင် (5)
- အထွေအထွေ (2)
Monday, May 5, 2014
Aller
Posted by Administrator at 11:00 AM 0 comments
Labels: ပြင်သစ်စာမှတ်စု
Sunday, May 4, 2014
Acheter
Acheter (အရှက်တေး) အင်္ဂလိပ်လိုတော့ To purchase, To buy လို့ အဓိပ္ပါယ်ရပါတယ်။
ဥပမာ အနေနဲ့ သုံးပြရရင်
Je vais acheter un croissant.
ကျနော် croissant (ခွားဆွန့်) တစ်ခုသွားဝယ်မယ်။
Croissant ဆိုတာ ဆားအရသာ နဲနဲပါပြီး ထောပတ်နဲ့လုပ်ထားတဲ့ Puff တစ်မျိုးပါပဲ။ ပြင်သစ်မှာ လူအများစု မနက်စာမှာ စားလေ့ရှိပါတယ်။ Croissant ရဲ့ မူရင်းတိုင်းပြည်က သြစတီးယားကပါ။
Posted by Administrator at 12:49 PM 0 comments
Labels: ပြင်သစ်စာမှတ်စု
Friday, November 1, 2013
ညီဖတ်ဖို့... (မင်းအိတ်ထဲမှာ အမြဲရှိရမယ့် စာအုပ်တစ်အုပ်)
ညီရေ၊ အစ်ကိုက စာဖတ်သမားပါ။ စာဖတ်နေရရင် အရမ်းပျော်တယ်။ ငယ်ငယ်ထဲကလည်း
စာတွေကို စွဲစွဲလမ်းလမ်း ဖတ်ခဲ့တယ်။ စာတွေဖတ်ရင်း ဆယ်စုနှစ် တစ်ခုလောက် ဖြတ်သန်းလာပြီး
ကိုယ့်ဘ၀ကိုယ် ပြန်ကြည့်မိတဲ့အခါ ဘ၀ခရီးလမ်းတလျှောက်လုံးမှာ ဖတ်ခဲ့တဲ့ စာတွေက
အတွေးအခေါ်ပိုင်းမှာ အများကြီး အထောက်အကူပေးခဲ့တာ တွေ့ရတယ်။ အဲ့ဒီလိုမျိုး သိလိုက်ရတဲ့အခါ
အများကြီး ကိုယ့်ဘာသာ ကျေနပ်မှုရခဲ့တယ်။
![]() |
| လူငယ်လမ်းညွှန် - ဒေါက်တာကျော်စိန် |
အစ်ကို အသက်ငယ်ငယ်ပိုင်းက လက်စွဲဖတ်ခဲ့တဲ့ စာအုပ်လေးတစ်အုပ်အကြောင်း ငါ့ညီကို ပြောပြချင်တယ်။
စာအုပ်နာမည်က "လူငယ်လမ်းညွှန်"၊ ရေးတဲ့သူက ဆရာကြီး "ဒေါက်တာကျော်စိန်"။ အမှန်အတိုင်းပြောရရင်
စာအုပ်နာမည်၊ စာရေးသူအမည်နဲ့ စာအုပ် ဒီဇိုင်းက အခုမှ "စာ" စဖတ်မယ့် လူငယ်တစ်ယောက်အတွက် ချက်ခြင်း ကောက်ကိုင်ချင်စရာတော့ မကောင်းဘူး။ ပျင်းစရာ ကောင်းတယ်။ ဒါပေမယ့်
အထဲမှာ ဆရာကြီးဒေါက်တာကျော်စိန်ရဲ့ စာရေးဟန်က ပေါ့ပါးတယ်၊ ရိုးရှင်းတယ်။
ဒီလိုပြောတော့ ငါ့ညီက ဒီစာအုပ်ထဲမှာ ဘာတွေများရေးထားမလဲ ဆိုပြီး စဉ်းစားလိမ့်မယ်။
စာအုပ်ထဲမှာတော့ လူငယ်တစ်ယောက်အတွက် လိုအပ်မယ့် ကဏ္ဍအစုံပါတယ်။ ကျန်းမာရေးကစလို့ ပညာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ကြီးပွားတိုးတက်ရေး၊ အိမ်ထောင်ရေး၊ နိုင်ငံရေးအထိ ဘ၀တစ်ခုကို စတင်ဖြတ်သန်းမယ့် လူငယ်တစ်ယောက်အတွက် သိသင့်သိထိုက်တာတွေ အကုန်လုံး ပါတယ်။
အဲ့ဒီစာအုပ်မျိုးက ငှားပြီး တစ်ထိုင်တည်းဖတ်ပြီး ပြန်ပေးရမယ့် စာအုပ်မျိုးမဟုတ်ဘူး။
ဒီတော့ ငါ့ညီကို ဒီစာအုပ်လေးကို လက်စွဲအဖြစ် အပိုင်ဝယ်ထားစေချင်တယ်။ ဒီစာအုပ်လေးက ဈေးလည်းသိပ်မကြီးသလို သေးသေးပေါ့ပေါ့ပါးပါးလေးလည်း ဖြစ်တာကြောင့် သွားလေရာမှာ အိတ်ထဲမှာ ထည့်ထားလို့ရတယ်။ အချိန်ရသလို ဖြည်းဖြည်းချင်း ဖတ်သင့်တယ်။ အခန်း တစ်ခန်းခြင်းစီကို ဖြည်းဖြည်းအေးအေးခြင်း ဖတ်ရမယ့် စာအုပ်ဖြစ်တယ်။
ပြောတာတွေလည်း များသွားပြီ၊ ဒီလောက်ညွှန်းနေတော့ ဒီထပ်ကောင်းတဲ့ စာအုပ်တွေ မရှိတော့ဘူးလားဆိုပြီး မေးချင်လိမ့်မယ်။
အရင်ဆုံး ဒီစာအုပ်လေးကို မင်းအိတ်ထဲမှာထည့်ထားပြီး လက်စွဲစာအုပ်လေးအဖြစ် အမြဲဖတ်နေကြည့်ပါ။
ဒီလို ဖတ်နေရင်း နှစ်အတော်ကြာတဲ့အခါ ဒီထပ်ကောင်းတဲ့ စာအုပ်တွေကို မင်းဘာသာ
ရွေးချယ်တတ်လာလိမ့်မယ်။ ဒီတော့ ဒီစာအုပ်လေးကို ဖတ်ဖြစ်ဖို့ တိုက်တွန်းရင်း အစ်ကို့စာကို အဆုံးသတ်လိုက်တယ်။
Posted by မင်းကရုဏာ at 1:43 PM 0 comments
Labels: ညီဖတ်ဖို့...
Monday, October 7, 2013
မှတ်စု (၁)
CAPE = La Communauté d’Agglomération des Portes de l’Eure (www.cape27.fr)
ကျနော်နေတဲ့ Vernon မြို့လေး အပါအ၀င် လေးမြို့နယ် ပါတဲ့ (Community) လေးကို CAPE လို့ ခေါ်ပါတယ်။
C = Communauté
A = Agglomération
P = Portes
E = Eure
CAPE ထဲမှာပါတဲ့ မြို့နယ်အငယ်လေး ၄ ခုကတော့
VERNON (www.vernon27.fr)
ST-MARCEL (www.saint-marcel27.fr)
PACY-SUR-EURE (www.ville-pacy-sur-eure.fr)
GASNY (www.gasny.fr)
ပြင်သစ်နိုင်ငံထဲက မြို့လေးတွေအားလုံးမှာ ကိုယ်ပိုင် Website, Logo လေးတွေ ရှိကြပါတယ်။ ဒါတွေ ပြင်သစ်စာနဲ့တော့ မသက်ဆိုင်ပါဘူး။
ကျနော့်အတွက် မှတ်စုရေးရင်း ဗဟုသုတ အဖြစ် ရေးထားခြင်းဖြစ်ပါတယ်။
Posted by မင်းကရုဏာ at 11:44 AM 0 comments
Labels: ပြင်သစ်စာမှတ်စု
Sunday, October 21, 2012
ညီဖတ်ဖို့… (ဘယ် ၈ နာရီက အရေးအကြီးဆုံးလဲ)
ညမှာ သုံးယံရှိတယ်လို့တော့ အစ်ကို သိထားတယ်။ မင်းလဲ သိထားပြီးသား ဖြစ်လိမ့်မယ်။ ဒါပေမယ့် ၂၄ နာရီကို ၃ ပိုင်း ခွဲခြားပြီးတော့ မင်းမသိသေးဘူး ထင်တယ်။ အစ်ကို ဖတ်ထား၊ မှတ်ထားမိတာ တစ်ခုကို ပြောပြမယ်။ နေ့တစ်နေ့မှာ ၂၄ နာရီ ရှိတယ်။ ၈ နာရီက အိပ်လို့ ကုန်သွားတယ်။ အိပ်ချိန်ကလည်း အမှန်တကယ်ပဲ ကျန်းမာရေးအတွက်အရေးကြီးတယ်။ နောက်နေ့ အလုပ်ခွင်မှာ စိတ်ကြည်ကြည်လင်လင်နဲ့ လုပ်ကိုင်နိုင်ဖို့ အတွက် လုံလောက်အောင် အိပ်ဖို့ လိုပါတယ်။
နောက်ထပ် ၈ နာရီက အလုပ်ခွင်မှာ ကုန်တယ်။ တစ်ချို့ဆို ဒီထက်ကြာအောင် လုပ်ရတယ်။ တစ်ချို့ဆို ၁၀ နာရီ၊ ၁၂ နာရီ လုပ်ကြရတယ်။
ဒါဆို ကျန်တဲ့ အချိန်လေးကို တွက်ကြည့်ပါဦး။
၂၄ နာရီ (တစ်ရက်တာ) – (၈ နာရီ (အိပ်ချိန်) + ၁၀ နာရီ (အလုပ်ချိန်) ) = ၆ နာရီ (အားလပ်ချိန်)
၂၄ နာရီ (တစ်ရက်တာ) – (၈ နာရီ (အိပ်ချိန်) + ၁၂ နာရီ (အလုပ်ချိန်) ) = ၄ နာရီ (အားလပ်ချိန်)
ဒီလောက်ဆိုရင် မင်းရဲ့အားလပ်ချိန်ကို တွက်ကြည့်လို့ရလောက်ပြီ ထင်တယ်။
ပုံမှန်ဆို ၈ နာရီ ကျန်မယ်။ အဲဒီ ၈ နာရီထဲမှာ မင်းဘာတွေ လုပ်မလဲ။ ချရေးကြည့်ရအောင်
ရေချိုး၊ ထမင်းစား၊ အလုပ်သွား၊ အလုပ်ပြန်၊ TV ကြည့်၊ မိတ်ဆွေတွေနဲ့စကားပြော၊ သူများပြောတာ နားထောင်၊ ကော်ဖီဆိုင်ထိုင်၊ အားကစားလုပ်၊ ဘာသာရေးအတွက်အချိန်ပေး၊ ပြီးတော့ အခြားအခြားသော ပါစင်နယ်ကိစ္စတွေ…
စသည့်ဖြင့် ချရေးလို့ မကုန်နိုင်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်လည်း အချိန်ကို သုံးကြတာချင်းလည်း မတူပါဘူး။
လူတော်တော်များများက အလုပ်ခွင်မှာ ပင်ပင်ပန်းပန်း လုပ်ပြီးပြန်လာရင်ဘဲ သူ့တို့ဘ၀ တိုးတက်မှုအတွက် လုံလောက်ပြီလို့ ထင်တတ်ကြတယ်။ အစ်ကို သူတို့ကို စော်ကားတာ မဟုတ်ဖူး။ အားမလို အားမရ ဖြစ်တာ။ ဒါကြောင့် ငါ့ညီကို ပြောပြတာပါ။ အလုပ်ခွင်မှာ ကြိုးစားပန်းစား လုပ်ကိုင်ပေးတာ အရမ်းကောင်းတာပေါ့။ အဲလို လုပ်ကိုင်ပေးတာ အလုပ်ရှင်ရဲ့ ကျေနပ်မှုလည်း ရသလို၊ မိမိရာထူးတက်ဖို့လည်း အထောက်အကူ ဖြစ်နိုင်ပေါ့။ ဒါပေမယ့် အလုပ်ကို ကြိုးစားပန်းစား လုပ်တာတစ်ခုတည်းက အလုပ်ခွင်ထဲမှာ တိုးတက်မှုကို မဖြစ်စေပါဘူး။ နောက်ထပ် အခြားအရာတွေ အများကြီးလိုသေးတယ်။
အလုပ်ကြိုးစားလုပ်တဲ့ လူတွေအကြောင်းပြောရရင်တော့ ပြောမကုန်နိုင်ပါဘူး။ ကျောက်စစ် ပန်းပုပညာရှင် မိုက်ကယ်အိန်ဂျလိုဆိုရင် အိပ်ယာထတာနဲ့ တန်းပြီး အလုပ်လုပ်နိုင်ဖို့ ညအိပ်ယာဝင်တာတောင် အလုပ်ခွင်အ၀တ်အစားနဲ့ အိပ်ယာဝင်တယ်။ ဘီဂိတ်စ်ဆို မိုက်ကရိုဆော့မှာ ရုံးတက်တုန်းက အခြားအလုပ်တွေအပြင် တစ်ရက်တစ်ရက် အီးမေးလ် အစောင် ၃၀၀၊ ၄၀၀ နီးပါး နေ့တိုင်းရေးရတယ်၊ ပို့ရတယ်။ ဒါကြောင့်လဲ ဒီလူတွေ ကမ္ဘာကျော်သွားကြတာပဲလေ။ အဲဒီအကြောင်းကို နောက်တော့ထပ်ပြီး အသေးစိတ်ပြောပြဦးမယ်။
ဒီကဏ္ဍလေးမှာ ပြောချင်တာက အိပ်ချိန် ၈ နာရီလည်း မဟုတ်ဖူး၊ အလုပ်ချိန် ၈ နာရီလည်း မဟုတ်ဖူး။ နောက်ထပ် ကျန်တဲ့ ၈ နာရီအကြောင်းပါ။ အားလပ်ချိန် ၈ နာရီဆိုပါတော့။
အစ်ကိုကိုယ်တိုင်လည်း အဲဒီ ၈ နာရီက လူ့တစ်ယောက်ရဲ့ ဘ၀တိုးတက်ဖို့အတွက် အရေးအကြီးဆုံးပဲလို့ ယုံကြည်တယ်။ ဒါကြောင့်လည်း အသေးစိတ်ကို ပြောပြချင်နေတာ။
အဲဒီ အားလပ်ချိန် (၈) နာရီနဲ့ ကိုယ့်ဘ၀ကို တိုးတက်အောင် ဘာတွေလုပ်နိုင်မလဲဆိုတာကို (၃) ချက်လောက် စဉ်းစားပြီး ရေးကြည့်မယ်။ ဒီထက်မက တကယ့်ကိုအများကြီး ရှိပါသေးတယ်။
(၁) အစ်ကိုတွေ့ဖူးတဲ့ လူတစ်ဝက်ကျော်လောက်က သူတို့လုပ်နေတဲ့အလုပ်ကို မုန်းကြတယ်။ လုပ်တဲ့အလုပ်ကို မချစ်မှတော့ အလုပ်ခွင်ထဲမှာ ပျော်မှာမဟုတ်တော့ဘူးဆိုတာ သေချာတယ်။ ငါ့ညီ အဲဒီလူမျိုးတွေကို တွေ့ရင်မေးကြည့်ပါ။ အလုပ်ချိန်ပြီးလို့အားရင် ဘာတွေ လုပ်သလဲလို့။
တကယ်လို့ သူတို့မုန်းတဲ့အလုပ်ကို စွန့်ခွာချင်တယ်ဆိုရင် အဲဒီအားလပ်ချိန်မှာ မိတ်ဆွေအပေါင်းအသင်းတွေ၊ အခြားအလုပ်ရှင်တွေဆီကနေ မိမိလုပ်ချင်တဲ့ အလုပ်မျိုးရနိုင်ဖို့ သတင်းကို စုံစမ်းနေသင့်တယ်။ အားထုတ်နေသင့်တယ်။ အဲဒီလို အားထုတ်နေရင် မိမိနှစ်သက်တဲ့ အလုပ်မျိုးကို ရလာပါလိမ့်မယ်။
(၂) ကိုယ်လုပ်ချင်တဲ့အလုပ်အတွက် ကိုယ့်မှာကျွမ်းကျင်မှု မရှိဘူးဆိုရင်လည်း အဲဒီအချိန်မှာ သင်တန်းတက်တာမျိုး၊ လက်တွေ့လုပ်ငန်းခွင်မှာ နာရီပိုင်းလောက် နေ့စဉ်သွားရောက် လေ့လာတာမျိုးလုပ်နိုင်တယ်။ အဲဒီလို လေ့လာနေမယ်ဆိုရင် အချိန် ၂ နှစ်လောက်အတွင်းမှာ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ပြောင်းပြီးလုပ်နိုင်မယ့် ကျွမ်းကျင်မှုမျိုး ရလာနိုင်တယ်။
(၃) ကိုယ်လုပ်ချင်တဲ့ အလုပ်နဲ့သက်ဆိုင်တဲ့ စာအုပ်စာတမ်းတွေ ဖတ်မှတ်လေ့လာနေတာမျိုးတွေ လုပ်နိုင်ပါတယ်။ အဲဒီလို ဖတ်မှတ်လေ့လာမှုတွေက အလုပ်ခွင်ထဲကို လက်တွေ့ရောက်တဲ့အခါမှာ အများကြီး အထောက်အကူဖြစ်ပါတယ်။
အဲဒီ ၃ ချက်အပြင် အခြားအရေးကြီးတာတွေ အများကြီးလုပ်နိုင်ပါသေးတယ်။ လက်တွေ့ကျကျပြောရမယ် ဆိုရင်တော့ လူတစ်ယောက်နဲ့ တစ်ယောက်နဲ့ ကွာသွားရတဲ့အကြောင်းရင်းက အဲဒီအားလပ်ချိန် ၈ နာရီကို ဘယ်လို အသုံးပြုသလဲဆိုတာပေါ် မူတည်မှာပါပဲ။ လူတိုင်း ပုံမှန်အိပ်ချိန်၊ နေ့စဉ်အလုပ်လုပ်ချိန်ကတော့ သိပ်ကွာလှတာ မဟုတ်ဖူး။
ဒီတော့ ငါ့ညီကိုလည်း အဲဒီ အားလပ်မယ့် ၈ နာရီကို မပျင်းမရိ၊ အချိန်မဖြုန်းပဲနဲ့ ကိုယ့်ဘ၀ တိုးတက်ရာ တိုးတက်ကြောင်းအတွက် ဥာဏ်ရှိရှိ အသုံးချစေချင်ပါတယ်။
Posted by မင်းကရုဏာ at 3:23 PM 0 comments
Labels: ညီဖတ်ဖို့...
Monday, October 8, 2012
Nine Types of Forgiveness
Acts of forgiveness vary not only in the magnitude of the wrongdoing involved, but in several other key ways. For example, are you the one seeking forgiveness, or is someone seeking forgiveness from you? Do you acknowledge you have done wrong? Does the person who has wronged you take responsibility for inflicting the hurt? Is he or she sorry?
Forgiveness will more or less difficult to perform depending upon these various conditions. Let me describe nine basic categories in which forgiveness may be sought or granted.
Type (1). You have been wronged. The other person apologizes and seeks forgiveness from you.
This situation leads to forgiveness most easily. Of course, if the hurt is deep enough, you may not be able to forgive, even with an apology and attempts at restitution.
Type (2). You have been wronged. The other person does not acknowledge the wrongful act and does not seek forgiveness.
It is much more difficult to forgive if the other person does not even acknowledge the wrongdoing, let alone offer an apology. Still, it is in both of your best interests to work your way through the process and reach forgiveness.
Type (3). You have been wronged. You don’t know who did it. You don’t know whom to blame or whom you might forgive.
Let’s say your apartment is broken into while you are out and all your valuables are stolen. This happened to me once. Not knowing who did it made the feeling of vulnerability all the more intense. The most important step here is to do all you can to regain your feeling of safety and control.
Type (4). You have been wrong. You acknowledge what you have done and you seek forgiveness from the other person.
This is the reverse of Type 1. Depending upon the psychology of the other person, you may or may not find forgiveness. However, by apologizing and making restitution, you have done all that you can do. Even if the other person does not forgive you, you should work on forgiving yourself.
Type (5). You have done wrong. You justify what you have done and do not seek forgiveness.
Now we are into realm of tragedy. King Lear banished the only daughter who truly love him, did not acknowledge that what he did was wrong and did not seek forgiveness until it was too late. The major reason it is good to study such examples is to help us avoid making the same mistake.
Type (6). You have done wrong. You acknowledge to yourself that what you have done is wrong, but you do not dare tell anymore or seek forgiveness.
This situation brings us into the realm of toxic guilt. The more you keep secret what you did, the more difficult it will be for you to gain absolution or to forgive yourself. It is best to find some safe person, like a doctor or clergy person, and talk it through.
Type (7). Wrong has been done. All parties involved justify what they have done, and no one seeks forgiveness.
Now we are in the realm of world politics. Or local politics. Or family feuds. If we’re lucky, a wise diplomat will intervene.
Type (8). Wrong has been done. Some people on both sides acknowledge responsibility and seek forgiveness, while others do not.
This is, of course, a better situation tan Type 7, although if it is a small minority working toward forgiveness, they will likely fail. However, they will triumph by gaining personal integrity and health.
Type (9). Wrong has been done. It was an act of fate. No one is to blame, but still some people feel guilty and seek forgiveness while others feel angry and seek revenge.
For example, let’s say you lose a friend to a serious illness. It is the human condition that’s to blame, but that doesn’t help. And while the human condition is what you need to forgive, that doesn’t help much either. The best solution in this situation is to grieve. Express sadness, rather than letting anger take over.
Source: Dare to Forgive by Edward M. Hallowell, M.D.
Posted by မင်းကရုဏာ at 3:51 AM 0 comments
Labels: စိတ်ပညာ
Friday, September 28, 2012
အလွဲဒိုင်ယာရီ
အလွဲ (၃)
ချင်းမိုင်ရောက်ရောက်ချင်း ရုံးတစ်ရုံးမှာပေါ့ဗျာ။ ရုံးနေ့တစ်နေ့မှာပေါ့ ကျနော့်ပညာရေးနဲ့ ပတ်သတ်တဲ့ စာရွက်စာတမ်းတွေ Scan လုပ်စရာ ရှိလာတယ်။
Scanner က ကျနော့်ဆရာရဲ့ စက်တစ်လုံးနဲ့ပဲ ချိတ်ထားတယ်။ ဆိုတော့ သူက အလုပ် လုပ်လက်စကို ခဏသိမ်းပေးပြီး ဖယ်ပေးတယ်။
ကျနော်လည်း သူ့စက်မှာ စာရွက်စာတမ်းတွေ Scan လုပ်တယ်။ ပြီးတော့ ကိုယ့်အီးမေးလ် ကိုယ်ပြန်ပို့တယ်။ (Memory Stick) မရှိသေးဘူး အဲဒီတုန်းက။
ပြီးတော့ အားလုံးကို အမှိုက်ပုံးထဲ တစ်ခုဆီထည့် အားလုံးပြီးတော့ သူ့စက်က အမှိုက်ပုံးကို ရှင်းပစ်ခဲ့တယ်။ (အဲဒီတုန်းက IT Security က မတောက်တခေါက်လေး နားလည်နေပြီ။) ပြီးတော့ ကျနော် အပြင်ထွက်သွားတယ်။
ပြန်ဝင်လာတာနဲ့ ကျနော့်ကို တန်းမေးတော့တာပဲ "မင်း အမှိုက်ပုံးကို ရှင်းသွားသေးလားတဲ့"။ ကျနော်လည်း ဟုတ်တယ်ဆိုတော့
ပွဲက စရော။ သေပြီ၊ သေပြီဆို ရယ်ကြတာပါ။
အဖြစ်က ဒီလို ကျနော့်ဆရာက သူ့အလုပ်ဖိုင်တွေကို ခဏ အမှိုက်ပုံးထဲ ထည့်ထားပြီး ကျနော့်ကို ဖယ်ပေးတာ။ ကျနော့်က အားလုံးရှင်းထုတ်လိုက်တော့
သူ့ဖိုင်တွေပါ ပါသွားရော။
နောက်ဆုံးတော့ သူလည်း တစ်ခုပဲ ပြောနိုင်တော့တယ်။ မင်းလည်း မင်းအကျင့်ပြင် (သူများစက်ကို ကိုင်ရင်မလိုအပ်တာတွေ မဖျက်မိစေနဲ့။ ကိုယ့်ဖိုင်ကို
ကိုယ် ရွေးပြီး ဖျက်လို့ရတယ်။) ငါလည်း ငါ့အကျင့် ပြင်ပါ့မယ်ကွာ၊ နောက်ဆို အမှိုက်ပုံးထဲဘယ်တော့မှ ထည့်မသိမ်းတော့ဘူးတဲ့။
အဲဒီလိုပါပဲ ကျနော့်မှာ လွဲခဲ့တာတွေ အများကြီး ရှိပါသေးတယ်။ သတိရရင် ဆက်ရေးပါဦးမယ်။
Posted by မင်းကရုဏာ at 5:07 PM 0 comments
Labels: ဟာသ
