အလွဲ (၃)
ချင်းမိုင်ရောက်ရောက်ချင်း ရုံးတစ်ရုံးမှာပေါ့ဗျာ။ ရုံးနေ့တစ်နေ့မှာပေါ့ ကျနော့်ပညာရေးနဲ့ ပတ်သတ်တဲ့ စာရွက်စာတမ်းတွေ Scan လုပ်စရာ ရှိလာတယ်။
Scanner က ကျနော့်ဆရာရဲ့ စက်တစ်လုံးနဲ့ပဲ ချိတ်ထားတယ်။ ဆိုတော့ သူက အလုပ် လုပ်လက်စကို ခဏသိမ်းပေးပြီး ဖယ်ပေးတယ်။
ကျနော်လည်း သူ့စက်မှာ စာရွက်စာတမ်းတွေ Scan လုပ်တယ်။ ပြီးတော့ ကိုယ့်အီးမေးလ် ကိုယ်ပြန်ပို့တယ်။ (Memory Stick) မရှိသေးဘူး အဲဒီတုန်းက။
ပြီးတော့ အားလုံးကို အမှိုက်ပုံးထဲ တစ်ခုဆီထည့် အားလုံးပြီးတော့ သူ့စက်က အမှိုက်ပုံးကို ရှင်းပစ်ခဲ့တယ်။ (အဲဒီတုန်းက IT Security က မတောက်တခေါက်လေး နားလည်နေပြီ။) ပြီးတော့ ကျနော် အပြင်ထွက်သွားတယ်။
ပြန်ဝင်လာတာနဲ့ ကျနော့်ကို တန်းမေးတော့တာပဲ "မင်း အမှိုက်ပုံးကို ရှင်းသွားသေးလားတဲ့"။ ကျနော်လည်း ဟုတ်တယ်ဆိုတော့
ပွဲက စရော။ သေပြီ၊ သေပြီဆို ရယ်ကြတာပါ။
အဖြစ်က ဒီလို ကျနော့်ဆရာက သူ့အလုပ်ဖိုင်တွေကို ခဏ အမှိုက်ပုံးထဲ ထည့်ထားပြီး ကျနော့်ကို ဖယ်ပေးတာ။ ကျနော့်က အားလုံးရှင်းထုတ်လိုက်တော့
သူ့ဖိုင်တွေပါ ပါသွားရော။
နောက်ဆုံးတော့ သူလည်း တစ်ခုပဲ ပြောနိုင်တော့တယ်။ မင်းလည်း မင်းအကျင့်ပြင် (သူများစက်ကို ကိုင်ရင်မလိုအပ်တာတွေ မဖျက်မိစေနဲ့။ ကိုယ့်ဖိုင်ကို
ကိုယ် ရွေးပြီး ဖျက်လို့ရတယ်။) ငါလည်း ငါ့အကျင့် ပြင်ပါ့မယ်ကွာ၊ နောက်ဆို အမှိုက်ပုံးထဲဘယ်တော့မှ ထည့်မသိမ်းတော့ဘူးတဲ့။
အဲဒီလိုပါပဲ ကျနော့်မှာ လွဲခဲ့တာတွေ အများကြီး ရှိပါသေးတယ်။ သတိရရင် ဆက်ရေးပါဦးမယ်။
ကျနော့်အကြောင်း
Social Justice ကိုမျှော်ကိုးတဲ့ လူငယ်တစ်ယောက်ပါ။ ခင်မောင်တိုး သီချင်းတွေကို စွဲစွဲလမ်းလမ်းနဲ့ နားထောင် တတ်တယ်။ လူတွေ အားလုံးကို ကရုဏာနဲ့ပဲ ကြည့်ပါတယ်။ ဥပက္ခာနဲ့လည်း ကြည့်ပါတယ်။
Labels
- စိတ်ပညာ (1)
- ညီဖတ်ဖို့... (3)
- ပညာရေး (1)
- ပြင်သစ်စာမှတ်စု (3)
- သူငယ်ချင်း (7)
- ဟာသ (5)
- အဆိုအမိန့် (3)
- အတွေးအမြင် (5)
- အထွေအထွေ (2)
Powered by Blogger.
Friday, September 28, 2012
အလွဲဒိုင်ယာရီ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment