Sunday, November 20, 2011

ခြေလှမ်းကျဲကြီးတွေ

တခါတုန်းက ချစ်သူနှစ်ဦး မြို့လည်ခေါင် ဘူတာနားတွင် လမ်းလျှောက်လာကြသည်။ ပရဟိတစိတ်များပြီး ကြီးပွားချမ်းသာဖို့ သိပ်မတွေးသူ ကောင်လေးကို သူ့ချစ်သူ ကောင်မလေးက အရမ်းကြီးပွားစေချင်သည်။ အရမ်းလဲ ကြိုးစားစေချင်သည်။ ဒါကြောင့် အခါအခွင့်သင့်တိုင်း အောင်မြင်တဲ့ ယောကျာ်းတွေအကြောင်း သူ့ချစ်သူကို ပြောပြော ပြသည်။

အခုလည်း အလွန်သေသေသပ်သပ်နှင့် အနောက်တိုင်းဝတ်စုံကို ၀တ်၊ လက်ထဲတွင် Laptop အိတ်ကို ကိုင်ထားပြီး အလွန်ကျဲသော ခြေလှမ်းကြီးများနှင့် ဘူတာရုံမှ ထွက်လာကာ လမ်းတစ်ခုထဲသို့ တစိုက်စိုက်မတ်မတ် လျှောက်သွားနေသော အရပ်မြင့်မြင့် ယောက်ျားတစ်ယောက်ကို တွေ့လိုက်လေသည်။ ဒါကြောင့် ကောင်မလေးက သူ့ချစ်သူ ကောင်လေး အားကျပါစေ ဆိုပြီး လှမ်းပြရင်း အခုလို ပြောလိုက်တယ်…

“မောင်..ဟိုမှာ ကြည့်လိုက်ဦး.. ဟိုလူ့ ခြေလှမ်းကြီးတွေက တကယ်အောင်မြင်မဲ့ စီးပွားရေးသမားတစ်ယောက်ရဲ့ ခြေလှမ်းကြီးတွေနော်။ မောင်.. အဲလို မထင်ဘူးလား။”

ထိုအခါ ကောင်လေးက အခုလို ဖြေလိုက်ပါတယ်။

“မထင်ပါဘူးကွာ။ သူ့ဘာသာ သေးပေါက်ချင်တာကို အောင့်ပြီး အိမ်ကို အမြန် လျှောက်နေတာနဲ့ပဲ တူပါတယ်။”

0 comments:

Post a Comment

 
Free Website templateswww.seodesign.usFree Flash TemplatesRiad In FezFree joomla templatesAgence Web MarocMusic Videos OnlineFree Wordpress Themeswww.freethemes4all.comFree Blog TemplatesLast NewsFree CMS TemplatesFree CSS TemplatesSoccer Videos OnlineFree Wordpress ThemesFree CSS Templates Dreamweaver