ကျနော့်အကြောင်း
Labels
- စိတ်ပညာ (1)
- ညီဖတ်ဖို့... (3)
- ပညာရေး (1)
- ပြင်သစ်စာမှတ်စု (3)
- သူငယ်ချင်း (7)
- ဟာသ (5)
- အဆိုအမိန့် (3)
- အတွေးအမြင် (5)
- အထွေအထွေ (2)
Friday, August 25, 2017
Friday, July 14, 2017
ဗိုင်းရပ်စ်အကိုက်ခံထားရတဲ့ သူတွေ
၁။ တခါတုန်းက သူငယ်ချင်းတစ်ယောက်နဲ့ ပြောဖူးတယ်။ တချို့ ၀င်းဒိုးကွန်ပြူတာကို သုံးတဲ့ သူတွေ ကွန်ပြူတာကို စနစ်တကျ မသုံးတတ်တော့ ကွန်ပြူတာထဲမှာ ဗိုင်းရပ်တွေ၊ ထရိုဂျန်တွေနဲ့ ပြည့်ပြီး ကွန်ပြူတာက သူတို့ အလုပ်အတွက် သုံးရတာထက် ကွန်ပြူတာထဲမှာ ပုန်းကပ်ပြီးနေကြတဲ့ ဗိုင်းရပ်စ်တွေက သုံးလိုက်လို့ ကွန်ပြူတာတွေ ဟောင်းကုန်၊ ပျက်စီးကုန် ကြတယ်။
၂။ လူတချို့လည်း အဲ့ဒီကွန်ပြူတာတွေလိုပါပဲ။ ကိုယ့်အင်အား၊ ကိုယ့်အချိန်၊ ကိုယ့်ငွေတွေကို ကိုယ့်ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေး၊ ကိုယ့်မိသားစုအရေး၊ ပရဟိတအရေးတွေမှာ သုံးဖြစ်တာထက် အများရဲ့အထင်အမြင်တွေ၊ ကိုယ့်အပေါ်ထားတဲ့ သဘောထားတွေ၊ သူများကိုယ့်ကို အထင်ကြီးတာ၊ အထင်မကြီးတာတွေအပေါ် အလေးအနက်ထားလွန်ပြီး ကုန်ခမ်းကုန်ကြတယ်။
Posted by Administrator at 12:01 PM 0 comments
Labels: အတွေးအမြင်
Wednesday, July 12, 2017
Quotes
What you think, you become.
What you feel, you attract.
What you imagine, you create.
- Buddha
Posted by Administrator at 6:38 PM 0 comments
Labels: အဆိုအမိန့်
Thursday, July 6, 2017
အခြေခံဆီကို ပြန်သွားရတယ်
၁။ တစ်ခါတစ်လေမှာ ဦးစားပေးရမှာတွေ များလွန်းတော့ ဘယ်အရာတွေ၊ ဘယ်သူတွေကို ဦးစားပေးရမယ်မှန်း မသိတော့ဘူးဆိုတာမျိုး ဖြစ်တတ်တယ်။ အဲ့ဒါအခါမှာ ကိုယ့်ရဲ့အခြေခံဆီ ပြန်သွားပြီး ဘယ်သူ၊ ဘယ်ဟာတွေက ငါ့အတွက် ဦးစားအပေးသင့်ဆုံးလည်းဆိုတာ စဉ်းစားရတယ်။ ကျန်တာတွေကို လောလောဆယ် တတ်နိုင်သလောက်ပဲ ဆိုတာမျိုး တွေးရတယ်။
၂။ ငယ်ငယ်က သချာင်္ဆရာတစ်ယောက် ပြောဖူးတယ်။ ဖြစ်နိုင်ရင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းက သချာင်္စာအုပ်တွေ ပြန်ရှာပြီး ဖတ်တဲ့။ ဟုတ်တယ်။ ဘယ်လောက်မြင့်တဲ့ ဘာသာရပ်ကို နားလည်ဖို့မဆို အခြေခံတွေကို သေချာနားလည်မှပဲ ရတယ်။
၃။ Oxford University Press က ထုတ်တဲ့ Very Short Introduction ဆိုတဲ့ Book Series ရှိတယ်။ ဘာသာရပ်တိုင်းအတွက် မိတ်ဆက်ရေးထားတာ။ ဘာဘာရပ်ပေါင်း ၆၀၀ နီးပါး ရှိတယ်။ ရည်မှန်းချက်ကတော့ အဲ့ဒီ မိတ်ဆက်စာအုပ် အားလုံးကို ၀ယ်ဖတ်ချင်တာပါပဲ။
Posted by Administrator at 2:30 PM 0 comments
Labels: အတွေးအမြင်
Quotes
There is no path to happiness:- Buddha
happiness is the path.
Posted by Administrator at 1:59 PM 0 comments
Labels: အဆိုအမိန့်
Quotes
Never make someone a priority when they make you an option.
- Maya Angelou
Posted by Administrator at 1:55 PM 0 comments
Labels: အဆိုအမိန့်
Saturday, July 1, 2017
နောင်တ နည်းရာသို့
၁။ ဆရာနန္ဒာသိန်းဇံရဲ့ "နောင်တကင်းရာသို့" စာအုပ်ကို ဖတ်ဖြစ်တယ်။ စာအုပ်ရဲ့ ရည်ညွှန်းကိုယ်ထဲက နောင်တရတတ်သူတွေအတွက် နောင်တရမှု နည်းအောင် ပြုပြင်နည်းလို့ ဖော်ပြထားတော့ စာအုပ်ခေါင်းစဉ်အတိုင်း နောင်တကင်းဘို့ရာ မဖြစ်နိုင်ဘူးလို့ ဆိုထားသလို ရှိနေပါတယ်။
၂။ ဆရာတော် ဦးဇောတိကကလည်း နောင်တလုံးလုံးကင်းမယ့်သူ မရှိဘူးလို့ လူတစ်ယောက်ရဲ့ မေးခွန်းကို ပြန်ဖြေပေးထား ဖူးပါတယ်။ သေခါနီး နောက်ဆုံးအချိန်မှာတော့ လူတိုင်းနောင်တရကြပါတယ်။ နောင်တကင်းတဲ့ လူရယ်လို့ မရှိဘူးလို့ ဆိုလိုပါတယ်။ နောင်တနည်းအာင်သာ သတိနဲ့နေထိုင်လို့ ရတယ်လို့ ဆိုပါတယ်။
၃။ ပြီးခဲ့နှစ်တုန်းက သုတသနလုပ်ဖို့ ဖွင့်ထားတဲ့ဖေ့ဘုတ်ကနေ မန္တလေးမှာနေတဲ့ ချာတိတ်နှစ်ယောက်နဲ့ ခင်ဖြစ်ခဲ့တယ်။ ဖေ့ဘုတ်ပေါ်မှာ ဓါတ်ပုံအစစ်၊ နာမည်အစစ်တွေ မသုံးတော့ ကျနော်ဘယ်သူဆိုတာ သူတို့ မသိပါဘူး။ အလုပ်တွေပြီးလို့ ဖေ့ဘုတ်ဖျက်ခါနီးတော့ အမှတ်တရလည်းဖြစ်အောင် သူတို့အတွက် အကျိုးရှိမယ်ထင်တဲ့ စကားတစ်ခွန်းတော့ ပြောဖြစ်ခဲ့တယ်။ "လုပ်သင့်တာတွေကို မလုပ်မိတာနဲ့၊ မလုပ်သင့်တာတွေ လုပ်မိတာတွေက နောင်မှာ နောင်တကို ဖြစ်စေလိမ့်မယ်။" လို့။ သုတေသနအတွက် လုပ်ထားတဲ့ ဖေ့ဘုတ်ကို ဖျက်လိုက်ပါတယ်။ နောက်ရက်တွေ ကျနော်ဖေ့ဘုတ်ကနေ သူတို့ဖေ့ဘုတ်ဆီ ပြန်ဝင်ကြည့်တော့ ကျနော်ပြောတာလေးကို သူတို့ ဖေ့ဘုတ်ပေါ်မှာ ပြန်တင်ထားတာ တွေ့ရတယ်။ "ဒါ ငါတို့အတွက် လက်ဆောင်ပဲ...။" တဲ့ အဲ့လိုလေး ပြန်မြင်ရတော့ ငါကိုယ်တိုင်လည်း နောင်တနည်းဘို့ မလုပ်သင့်တာတွေ တတ်နိုင်သလောက် မလုပ်မိအောင်၊ မပြောသင့်တာတွေ မပြောမိအောင်၊ လုပ်သင့်တာတွေ၊ ပိုပြီး လုပ်ဖြစ်အောင် ဆင်ခြင်နေထိုင်ရဦးမယ်လို့ ကိုယ့်ဘာသာ ပြန်ဆုံးမ ဖြစ်ခဲ့ပါတယ်။
၎။ အင်္ဂလိပ်ဆောင်းပါးတွေမှာတော့ အသက်ကြီးသွားရင် မလုပ်ဖြစ်ခဲ့လို့ နောင်တရစေမယ့် အချက်တွေဆိုပြီး ရေးထားတာတချို့ ဖတ်ဖူးတယ်။ ခရီးတွေ မသွားဖြစ်ခဲ့တာ၊ မစွန့်စားခဲ့ကြတာ၊ စသည့်ဖြင့် ပေါ့။ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားတဲ့အပေါ် မူတည်ပြီး နောင်တရစရာတွေလည်း အနဲနဲ့ အများ ကွာခြားကြမှာပါပဲ။
Posted by Administrator at 7:13 AM 0 comments
Labels: အတွေးအမြင်